ခေတ်အမှီဆုံးနည်းပညာများကို အသုံးပြု၍ စစ်ဆေးခြင်းနှင့် ရောဂါရှာဖွေခြင်း - ရင်သားကုသမှုဌာနသည် လက်ဖြင့်စမ်းသပ်သိရှိနိုင်သော ပုံမှန်မဟုတ်သည့်အခြေအနေများကို စမ်းသပ်စစ်ဆေးပေးရုံသာမက မျက်စိဖြင့်မမြင်နိုင်၊ လက်ဖြင့်မစမ်းသပ်နိုင်သော ပြဿနာများကို ရှာဖွေရန် ဆန်းပြားသော ပုံရိပ်ရိုက်နည်းပညာများကိုလည်း အသုံးပြုပါသည်။
ဤဌာနသည် ဖြစ်နိုင်ခြေရှိသော ရင်သားပြဿနာများကိုရှာဖွေရန် မြောက်များစွာသော နည်းလမ်းများကို အသုံးပြုပါသည်။
- ခန္ဓာကိုယ်စမ်းသပ်စစ်ဆေးခြင်း
- ဒစ်ဂျစ်တယ်ရင်သားဓာတ်မှန်ရိုက်ခြင်းနှင့် အာထရာဆောင်း
- အမ်အာအိုင်
- ဆဲလ်စစ်ဆေးရန် အပ်ဖြင့်စုပ်ယူခြင်း
- ဓာတ်မှန်အထောက်အကူဖြင့် အသားစယူခြင်း